Map Graph

ရွာပုလဲရွာ၊ မြောင်မြို့နယ်

ရွာပုလဲရွာ သည် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြောင်မြို့နယ်၊ ရွာပုလဲကျေးရွာအုပ်စု၌ တည်ရှိသည်။ ရွာနေရာကုတ်မှာ ၁၇၁၂၉၇ ဖြစ်သည်။ ၎င်းရွာသည် ကုန်းဘောင်ခေတ်က အလွန်ထင်ရှားသော ရွှေပြည်ဝန်ကြီး ဦးဘိုးလှိုင် မွေးရာ ဇာတိဖြစ်သည်။ ရွာပုလဲရွာသည် မြင်းမူ-ပရိမ္မ (ကျန်စစ်သားဇာတိ) သွား ကားလမ်းနံဘေးရှိ ကျောက်ရစ်ရွာမှနေ၍ တောင်စူးစူးကို ၁၀ မိုင်နီးနီး သွားရသည်။ ရွာပုလဲဟု သတ်မှတ်ထားသော်လည်း ဒေသခံများက "'ရပလဲ"' ဟုသာ အသံထွက်ကြသည်။

Read article